Handsome Devil


- Original title: Handsome Devil
- Release date: 15-02-2017
- Genre: Drama
- Directors: John Butler
- Rating: 5.0 1 votes








တစ်ခါက နက်ဒ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ယောင်္ကျားလေးသီးသန့် ဘော်ဒါကျောင်းမှာ မိဘတွေကြောင့် ကျောင်းလာတက်ရပါတယ်။ သူဟာ ဂေးဖြစ်နေတာကြောင့် ယောင်္ကျားလေးသီးသန့်ကျောင်းဆိုတာ သူ့အတွက် လုံးဝအဆင်မပြေလှပါဘူး။ နောက်တော့ အရမ်းstraightတဲ့ ရတ်ဂဘီကစားသမားလေး ကော်နာဟာ သူနဲ့တစ်ခန်းထဲ အတူနေဖို အကြောင်းဖန်လာပါတော့တယ်။ဒီလိုနဲ့ ဇာတ်လမ်းစပြီလိုမထင်ပါနဲ့ဦး။ ကော်နာဟာ တက်တဲ့ကျောင်းတိုင်းမှာ ရန်ဖြစ်လွန်းလို ကျောင်းထုတ်ခံရတဲ့သူပါ။ဒီလိုနဲ့ နက်ဒ်နဲ့ ကော်နာဟာ အခင်ဆုံးသူငယ်ချင်းတွေ တဖြည်းဖြည်းနဲ့ ဖြစ်လာကြပါတော့တယ်။ တစ်နေ့ရောက်တဲ့အခါ နက်ဒ်ဟာ မေ့မရတဲ့ အရှက်စရာလုပ်ရပ်တစ်ခုကို လုပ်ခဲ့မိပါတယ်။ ဒီအရှက်ရစရာ လုပ်ရပ်က ဘာများဖြစ်မလဲ ဇာတ်ကားအညွှန်းပြောရင်း ဇာတ်ကားရဲ့ အနှစ်သာရတွေ ပျက်သွားမှာဆိုလို ဒီလောက်နဲ့ပဲ ကျတော်ပုဒ်မချလိုက်ပါတော့မယ်။ ပြောရရင် ဒီရုပ်ရှင်ကားဟာ romance မဟုတ်ပါဘူး friendshipကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားပါ မိသားစုနဲ့အတူ သူငယ်ချင်းတွေနဲ့ အတူကြည့်ရှုလိုရပါတယ်။
အချိုဆိုPure BLလို ဒီရုပ်ရှင်ကားကို တင်စားချီးကျူးကြပြီး ရုပ်ရှင်ပွဲတော်က အချိုကတော့ theme songတွေနဲ့ကြောင့် ပိုရင်ထဲစွဲသွားတယ်လို ဆိုစမှတ်ပြုခဲ့ကြပါတယ်။
(မင်းသားနှစ်ယောက်လုံးကတော့ လူတိုင်းသိကြမယ့် Dating Amberထဲက Fionn O’Sheaရယ် Cinderella Live Actionနဲ့ များမကြာမီထွက်တော့မယ့် Red, White & Royal Blueထဲက Nicholas Galitzineရယ်ပဲဖြစ်ပါတယ်)
Language – English
Runtime – 1h 35m
Translated by Pyae Phyo Paing Oo
Encoded by Zing


