Just a Question of Love


- Original title: Juste une question d'amour
- Release date: 26-01-2000
- Genre: Drama, Romance
- Directors: Christian Faure
- Rating: 5.0 3 votes








JUSTE UNE QUESTION D’AMOUR (2000)
အင်္ဂလိပ်လိုဆို Just A Question Of Love
မြန်မာလိုဆို “အချစ်ရဲ့မေးခွန်းတစ်ခုသာ”တဲ့
ဇာတ်ကားလေးကတော့ “လောရန့်”လိုခေါ်တဲ့ ကောင်လေးတစ်ယောက်ဟာ ဂေးဖြစ်ပြီး မိဘတွေကို မဖွင့်ပြောရဲတဲ့သူတစ်ယောက်ပါ။ ဘာလိုဖွင့်မပြောရဲလဲဆိုတာကတော့ သူ့ရဲ့ဝမ်းကွဲအစ်ကိုဖြစ်သူ “မာ့ခ်”ကလည်း ဂေးဖြစ်ပြီး
သူ့ရဲ့မိဘတွေကို ဖွင့်ပြောပြီးနောက် စွန့်ပစ်ခံခဲ့ရပြီး သေဆုံးသွားရတဲ့သူဖြစ်ပါတယ်။ ဒီလိုမျိုး “လောရန့်”က
သူ့မိဘတွေသူ့ကို စွန့်ပစ်မှာကြောက်တဲ့အပြင် မိဘတွေရှေ့မှာ သူ့အချစ်ဆုံးသူငယ်ချင်းမိန်းကလေးဖြစ်သူနဲ့ ရည်းစားတွေယောင်ဆောင်ကြပါတယ်။ တစ်နေ့ကျောင်းအလာ
ပါးသိုင်းမွှေးနဲ့ ကိုယ်လူချော”စီဒရစ်”နဲ့ ဆုံခဲ့ပြီး တဖြည်းဖြည်း နှစ်ယောက်သား ချစ်ကြိုက်လာခဲ့ကြပါတယ်။ “စီဒရစ်”ဟာ လောရန့်ကို ဂေးပါဆိုပြီး သူ့မိဘတွေကို ဝန်ခံစေချင်သူပါ။ ဒီလို မိဘက စွန့်ပစ်သွားမှာတစ်မျိုး
ရည်းစားဖြစ်သူက ဝန်ခံခိုင်းတာ တစ်မျိုးနဲ့ အဆုံးမှာ သူဝန်ခံသွားမလား။ ဂေးတွေကို လက်မခံတတ်တဲ့ သူတိုရဲ့ မျိုးရိုးကရော “လောရန့်”ကို လက်ခံပါ့မလားဆိုတာကိုတော့…
IMDB7.8ရထားတဲ့ ဒီကားလေးထဲမှာ
ကျတော်အကြိုက်ဆုံး စကားလေးကတော့
“လူတွေပြောတာကို နားမထောင်နေနဲ့
ကျမတိုတွေက ကျမတိုကလေးတွေနဲ့ နေတာ
သူတိုနဲ့ မဟုတ်ဘူး”ဆိုတာပါပဲ
Translated by Pyae Phyo Paing Oo
https://t.me/blsflix/1653


