A League of Nobleman (ကြီးမြတ်သူတို့ ပေါင်းစုံရာ)

Returning Series 1 Seasons - 20 Episodes
  • Original title: 君子盟
  • In Production: Yes
  • First air date: 30-01-2023
  • Genre: Action & Adventure, Drama
  • Rating: 5.0 2 votes
1 Star2 Stars3 Stars4 Stars5 Stars (2 votes, average: 5.00 out of 5)
Loading...

m 2023 1,761 views

Background

ကြီးမြတ်သူတို့ ပေါင်းစုံရာ (2023)

အပိုင်း 20 အထိ ကြည့်လို့ရပါပြီ

https://t.me/blsflix_channel4

Hello Hello ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Tencentကနေ အားလုံးကို surpriseတိုက်သွားတဲ့ A league of Noblemanဆိုတဲ့Bromanceကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာ
Lan Jueအဖြစ် 2021ကမှထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေး The Psyscologistထဲကမင်းသားလေး Jiang Boranက သရုပ်ဆောင်ထားပြီး
Zhang Pingအဖြစ် နာမည်ကျော်Dramaတွေဖြစ်တဲ့ Go Ahead, In a class of her own စတဲ့ကားတွေမှာပါဝင်ထားတဲ့ အားလူံးရဲ့အချစ်တော်မင်းသားလေး Song Weilongက ပါဝင်သရုပ်ဆောင်ထားပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့
ကျန်းဖျင်က ခေါက်ဆွဲလုပ်ပြီးအသက်မွေးကာ နေရာအနှံ့လှည့်လည်သွားလာနေတဲ့ ကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သူက နေရာတကာဝင်ပါတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး မင်းမှုရေးရာကိစ္စတွေမှာ ဝင်စွက်ဖက်ရတာကို သဘောကျတဲ့လူတစ်ယောက်ပါ။ သူ့ရဲ့ အာဝဇ္ဇန်းရွှင်တဲ့စကားပြောစွမ်းရည်နဲ့ ထက်မြက်လှတဲ့ဉာဏ်ပညာကိုအသုံးပြုပြီး အမှုတိုင်းကို နားလည်သဘောပေါက်‌ပါတယ်။ သူ့ရဲ့တစ်ကိုယ်တည်းနေတဲ့အမူအကျင့်အရ တခြားသူတွေကတော့ သိပ်သဘောမကျလှပါဘူး။

လန်ကျွယ်က ဘာသာရေးဆိုင်ရာတာဝန်ယူရတဲ့မင်းမှုထမ်းတစ်ယောက်ဖြစ်ပြီး ရုံးတော်မှာဖြစ်ပွားတဲ့ ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်သွားပါတယ်။ သူ့ရဲ့ ကျက်သရေရှိလှပြီး သူမတူတဲ့ရုပ်ရည်ကြောင့် သာယာတဲ့ဘဝလေးနဲ့ လူ့ဘော်ကြော့တစ်ယောက်လို့ထင်ရပေမဲ့ မထင်မှတ်ထားတဲ့ဘဝဇာတ်ကြောင်းကို ဖုံးကွယ်ထားတဲ့အခါ….

အရာရှိစာမေးပွဲအတွက် မြို့တော်ကိုခရီးသွားနေတုန်း အားဖျင်က ဘာမှမသိဘဲ လန်ကျွယ်ရဲ့ တိတ်တဆိတ်စုံစမ်းမှုထဲ ပါဝင်သွားပါတော့တယ်။
ထက်မြက်တဲ့စွမ်းရည်နဲ့ အားဖျင်ဟာ ကိစ္စရပ်တိုင်းကိုဖြေရှင်းနိုင်ပြီး လန်ကျွယ်ရဲ့အစီအစဉ်ကို နှောင့်ယှက်ပါတော့တယ်။လန်ကျွယ်ရဲ့အသက်ကိုကယ်ပေးတဲ့အချိန်မှာ အားဖျင်တစ်ယောက် လန်ကျွယ်ရဲ့လျှို့ဝှက်ချက်ကို ရိပ်မိသွားပါတယ်။
မတူညီတဲ့စွမ်းရည်တွေနဲ့သူတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်လာပါတော့တယ်။ နှစ်ယောက်သား ဆိုးရွားလှတဲ့အမှုတွေနဲ့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းတွေကိုပါ အတူရင်ဆိုင်ကြရင်း လန်ကျွယ်ရဲ့ထောက်ခံပေးမှုနဲ့ အားဖျင်တစ်ယောက်လည်း ဆင်းရဲသားကျောင်းသားလေးဘဝကနေ တာ့လီနန်းတော်မှာ အမတ်တစ်ယောက်ဖြစ်လာခဲ့ပြီး သူ့ရဲ့ထက်မြက်လှတဲ့ဉာဏ်ပညာနဲ့ ကိစ္စရပ်တွေကိုဖြေရှင်းနိုင်မလား
အားဖျင်နဲ့လန်ကျွယ်တို့နှစ်ယောက် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရပြီး ဘယ်လိုအတူရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ကျွန်တော်တို့ BLSFLIXနဲ့အတူ ရင်ခုန်စွာနဲ့စောင့်ကြည့်ကြရအောင်ဗျာ။

ဒီဇာတ်ကားလေးကိုတော့ Tencentကနေ Jan 29က‌နေFeb 13ရက်နေ့အထိ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Season 1
1 Image Episode 12023
2 Image Episode 22023
3 Image Episode 32023
4 Image Episode 42023
5 Image Episode 52023
6 Image Episode 62023
7 Image Episode 72023
8 Image Episode 82023
9 Image Episode 92023
10 Image Episode 102023
11 Image Episode 112023
12 Image Episode 122023
13 Image Episode 132023
14 Image Episode 142023
15 Image Episode 152023
16 Image Episode 162023
17 Image Episode 172023
18 Image Episode 182023
19 Image Episode 192023
20 Image Episode 202023