The Killing Vote

Returning Series 1 Seasons - 5 Episodes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

m 2023 114 views

Background

ရာဇဝတ်သားတစ်ယောက်ရဲ့သေဒဏ်ကို မဲခွဲဆုံးဖြတ်လိုရပါသလား။ လူတစ်ယောက်ရဲ့သေခြင်းရှင်ခြင်းကို သင်ရွေးချယ်ပေးလိုရမယ်ဆိုရင်ရော? “The Killing Vote” လိုခေါ်တဲ့ ဒီကိုရီးယားဇာတ်လမ်းတွဲက အဲဒီမေးခွန်းတွေကို အဖြေရှာပေးသွားမဲ့ မှုခင်းဒရာမာဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ မဲပေးမှုရလဒ်အပေါ်လိုက်ပြီး လူသတ်မှုကျူးလွန်နေတဲ့ လျှိဝှက်ဆန်းကြယ်လူတစ်ယောက်ကို ဇာတ်အိမ်တည်ထားတာပဲ ဖြစ်ပါတယ်။

ဥပဒေကိုလက်တစ်လုံးခြား မလိမ့်တပတ်လုပ်ရင်း ထွက်ပြေးတမ်းရှောင်နေတဲ့ ရက်စက်ယုတ်မာတဲ့ရာဇဝတ်သားတွေကို အပြစ်ပေးဖိုအတွက် (၁၈)နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်းက မဲပေးလိုရတယ်ဆိုတဲ့မက်ဆေ့ရောက်လာပါတယ်။ အဲဒါကတော့ အဲဒီရာဇဝတ်သားကို သေဒဏ်ပေးရေး မပေးရေးပါ။ အကယ်၍ (၅၀)ရာခိုင်နှုန်းအကျော် မဲပေးခံရရင်တော့ အဲဒီရာဇဝတ်သားဟာ ခွေးမျက်နှာဖုံးစွတ်နဲ့လူ သတ်တာကိုခံရပါတယ်။ ရဲတွေက အဲဒီခွေးမျက်နှာဖုံးနဲ့လူကို လိုက်ဖမ်းနေကြပြီး အဲဒီအမှုမှာ အဓိကဇာတ်ကောင်(၃)ယောက် ပါဝင်ပတ်သက်လာမှာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ “Death Penalty Vote” ဆိုတဲ့ အောင်မြင်ပြီးသား webtoon ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကွက်အလှည့်အပြောင်းတွေကို ပါးပါးနပ်နပ် ထည့်သုံးထားတာကြောင့်လည်း ဇာတ်ရှိန်ကျမသွားဘဲ အဆုံးထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုသွားရမဲ့ဇာတ်လမ်းတွဲလေးဖြစ်တဲ့အတွက် အခုလိုညွှန်းဆိုပေးလိုက်ရပါတယ်။